✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား
ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။
၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ
ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။
ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။
နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။
အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။
အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့ဖြင့် ကလေးများသည်နားလည်နိုင်မှု ကောင်းလာပြီး ဘာသာစကားပိုမို ဖွံ့ဖြိးစေလာပါသည်။
သင်္ကေတများကို ကြည့်ခြင်းဖြင့်လည်းဘာသာ စကားကို နားလည်နိုင်စွမ်းရှိကြပါသည်။
အချို့သော ကလေးများသည် စကားလုံးသုံးနှုန်းမှု မှန်ကန်စေရန် နားလည်နိုင်မှု့နှင့် စကားပြောဆိုခြင်းတို့တွင်
အခက်အခဲရှိကြပါသည်။ ဤကလေးများကို ပုံများဖြင့်လည်းကောင်း။ ပတ်ဝန်းကျင်မှ အမြင်အာရုံတို့ဖြင့် အချက်အလက်များ(သို့) အမူအရာတို့ဖြင့် အဓိကစကားလုံးများနှင့် စကားပြောခြင်းတို့ကို နားလည်စေရန် အခက်အခဲမရှိစေရန် ညွှန်ပြပြောဆို လေ့ကျင့်ပေးရပါမည် ဖြစ်ပါသည်။
Comments
Post a Comment