Skip to main content

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ




အပိုင်း(၉)

စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း

စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။
ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။
အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။
စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။
ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။
ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်းတတ်စေရန်၊ အခြားကစားဖော်များကိုငဲ့ညှာစာနာ၍ထည့်သွင်းစဥ်းစားတတ်စေရန်၊ အလှည့်ကျကစားတတ်စေရန်၊ တရားမျှမျှတတကစားတတ်စေရန်၊ ကလေးများသည် အပြုသဘောဆောင်သော အတွေးအခေါ်  ပြောဆိုမှု့များနှင့်ပါဝင်ကစားတတ်စေပြီး ကစားပွဲတွင် သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများကို တာဝန်ယူ ခွဲဝေစီမံတတ်နိုင်စေရန် လေ့ကျင့်ပေးပြီး သင်ယူစေရပါမည်။
ကလေးများသည် ကလေးသဘာဝအရ ကစားစဥ်တွင် တစ်ယောက်နှင့် တစ်ယောက် အငြင်းပွားမှု့များ၊ သဘောထားကွဲလွဲမှု များဖြစ်ပေါ်သောအခါ ၎င်းတို့၏ပြဿနာမျာကို မည်သို့မည်ပုံဖြေရှင်းရန် သင်ယူနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်သကဲ့သို့ ၎င်းတို့ကိုယ်တိုင်လည်း အမှီအခို ကင်းကင်းနှင့် ၎င်းတို့၏တာဝန်များ၊ ပြဿနာများကို ဖြေရှင်းနိုင်သောစွမ်းရည်ကို ပို၍နှိုးဆွလှုံ့ဆော်ပေးပြီး ဖွံ့ဖြိုးစေပါသည်။
အထူးသဖြင့် ကစားရာတွင် ဟန်ဆောင်၍ ကစားခြင်း(သို့) စိတ်ကူးစိတ်သန်းပုံဖော်၍ စိတ်ကူးယဥ်ကစားခြင်းတို့သည် ကလေးများ၏ တွေးခေါ်မှု စွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေပြီး အာရုံကြောဆိုင်ရာ စွမ်းရည်တို့အပြင် အသံများကိုနားထောင် ဖတ်ရှု၍ အဓိပ္ပယ်ကိုနားလည်နိုင်စွမ်းရည်တို့သည် ဖွံ့ဖြိးလာပြီး
စာဖတ်ရမည့်အရွယ်သို့ရောက်သောအခါ ကောင်းစွာဖတ်နိုင်သော အခြေခံ အကြောင်းအရာတစ်ခုပင်ဖြစ်ပါသည်။
သင်္ချာညဏ်စွမ်းရည်ဖွံ့ဖြိုးစေရန်အတွက် ကစားနေစဥ်တွင် နည်းလမ်းများစွာနှင့်ကစားပေးခြင်းဖြင့် ဖွံ့ဖြိုးစေပါသည်။
တွေ့မြင်နေကျလွယ်ကူသောဥပမာပြရလျှင် အစောပိုင်းကာလမှစတင်၍ ကလေးများ၏ ကစားစရာသစ်သားတုံး၊ ပလတ်စတစ်တုံးများကို ဆင့်၍ဆင့်၍ကစားစေခြင်းသည် ကလေးများ၏ ကိန်းဂဏန်း သဘောတရားကို တည်ဆောက်ပေးလိုခြင်းဖြစ်သော ဥပမာတစ်ခုပင်ဖြစ်ပါသည်။
ကစားခြင်းသည် ကလေးများအတွက် စူးစမ်းရှာဖွေမှု့ပြုလုပ်လိုခြင်း၊ စမ်းသပ်မှု့များလေ့လာလို သောစိတ်များနှင့် ပြည့်စေပါသည်။
 ကလေးများစာသင်ရမည့်အရွယ်သို့ရောက်သောအခါ  သင်္ချာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်များတွင်စိတ်ဝင်တစ်စား နှင့် ကျွမ်းကျင်စွာသင်ယူလာနိုင်ကြမှာ ဖြစ်ပါသည်။
ဘာသာစကားလည်းတိုးတက်ဖွံ့ဖြိုးကောင်းမွန်လာမည်လည်းဖြစ်ပါသည်။
ကလေးငယ်သည် မည်သည့်အသံကို ကြားပြီး မည်သည့်စကားလုံးကို ပြောချင်သည်ဆိုသည်ကို လည်း ကစားခြင်းမှ အဆက်မပြတ်လှုံ့ ဆော်နှိုးဆွပေးနေမှာဖြစ်ပါသည်။
တစ်ချို့သော ကလေးငယ်များသည် စကားလုံးများနှင့် စကားပြောဆိုခြင်းတို့တွင် ခက်ခဲမှုနှင့် နားလည်ရန်အခက်အခဲဖြစ်တတ်ကြပါသည်။







Comments

Popular posts from this blog

အပိုင်း(ရ) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ -အသိဉာဏ်ဖွံ့ဖြိုးမှု

အပိုင်း(၇) ✸ အသိဉာဏ်ဖွံ့ဖြိုးမှု ကစားခြင်းမှနှိုးဆွလှုံ့ဆော်ပေးသောအခါ တစ်ချို့သောအသိဉာဏ်ကို ဖွံ့ဖြိုးစေသော အပိုင်းများလည်းရှိပါသည်။ ကစားခြင်းသည် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု တို့ကို လည်းတိုးတက်ကောင်းမွန်စေပါသည်။ ဖွံ့ဖြိုးမှု နှင့် လှုံ့ဆော်နိုင်ခြင်း မရှိသော ၊ ဖွံ့ဖြိုးမှုနှေးသောကလေးငယ်များကို အဆက်မပြတ်ဖွံ့ဖြိုးကြီးထွားရန် တူညီသော ဖွံ့ဖြိုးမှုဆိုင်ရာပုံစံများအတိုင်းလိုက်နာ၍  ကစားပေးခြင်းသည် အမှန်တကယ်ပင်လိုအပ်သောထိုကဲ့သို့သော ကလေးများအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။ ကလေးများကို အဆက်မပြတ်သင်ယူစေခြင်း ထက် နားချိန်ပေးပြီးသင်ယူစေခြင်းသည် အာရုံစူးစိုက်မှု့ကို ပိုမို၍ ကောင်းမွန်စေပြီး ကလေးများသင်ယူမှုတွင် ဖွံ့ ဖြိုးတိုးတက်စေပါသည်။ ကျောင်းနေရန် အရွယ်မရောက်သေးသော မူကြိုအရွယ်ကလေးငယ်များကို လွတ်လပ်စွာ ကစားရန် အခွင့်အရေးပေးသော အခါထိုကလေးငယ်များသည်လုပ်ဆောင်မှုများအပေါ်  တိတ်ဆိတ်ငြိမ်သက်စွာ အချိန်ကြာမြင့်စွာ အာရုံစူးစိုက် လာနိုင်ကြပါသည်။ ၎င်းတို့ အကြာကြီးငြိမ်သက်နေသည်မှာ ၎င်းတို့စိတ်ဝင်စားသောကစားနည်း(သို့) လုပ်ဆောင်မှု့တစ်ခုခု တ

အပိုင်း(၆) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ ( ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill)

အပိုင်း(၆) ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill)  ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill) ဥပမာများမှာ- _ မျှော်စင်လေးများတည်ဆောက်ခြင်း _ ရေဗူး၊ အချိုရည်ဗူးများနှင့် အခြားသောအန္တရာယ်ကင်းသော ဘူးများဖွင့်စေခြင်း _ ကောက်ကြောင်းလိုက်စေခြင်း _ ရောင်စုံခဲတံများကို ကိုင်စေခြင်း _ သီကုံးစေခြင်း၊ ကစားစရာဝက်အူလေးများဖြင့် အရစ်ဖော်ထားသော ကစားစရာ၊ (ဖလင်၊ တိတ်ခွေ၊ ကြိုးတို့ကို ရစ်ပတ်စေခြင်း။ (ကလေးများကစားစဥ်တွင် အန္တရာယ်ကင်းစေရန် လူကြီးများကစောင့်ကြည့်ပေးရပါမည်။) _ ညှပ်စေခြင်း( စက္ကူညှပ် သည့်ကပ်ကြေးဖြင့် ညှပ်စေခြင်း) _ ပဟေဠိကစားစရာ များကို ပြီးပြည့်စုံအောင်ဆက်ခိုင်းစေခြင်း _ကလေးကိုယ်တိုင် အဝတ်အစားဝတ်ဆင်စေခြင်း _ သွားကို ကိုယ်တိုင်တိုက်စေခြင်း _ အရောင်ခြယ်စေခြင်း _ လွယ်ကူသော(သို့) တရိစ္ဆာန် ပုံ၊ ပန်းပုံ၊ ကစားစရာပုံများကို ကလေးများအားပြသ၍ အလားတူပုံရရှိအောင် ဆွဲခိုင်းစေခြင်း _ Lego ( ရောင်စုံပလတ်စတစ်တုံးလေးများ)နှင့် အဆောက်အဦးများဆောက်လုပ်ကစားစေခြင်း -ပုံဆွဲခြင်း အစရှိသော လုပ်ဆောင်မှုများ သည် ကလေးများ၏ကြွက်သားငယ်များကိုဖွံ့ဖြိုးကြီးထွားသန်

အပိုင်း(၄) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၄) ကလေးငယ်များစာသင်ရန်၊ စာရေးရန်၊ စာဖတ်ရန်နှင့် ဂဏန်းသင်္ချာများကို သင်ယူရန် ဖွံ့ဖြိုးမှု အဆင်သင့်မဖြစ်သည့်အချိန်တွင် သင်ယူစေရန် တိုက်တွန်းခြင်းသည် ကလေးတို့၏ တန်ဖိုးမဖြတ်နိုင်သော အချိန်များကို ဆုံးရှုံးစေပြီး၊ ဤကဲ့သို့ အရေးပါလှသော ကစားခြင်းဖြင့် သင်ယူခြင်း မရှိခဲ့ လျှင် ကလေးများ၏ စာဖတ် စာရေးစွမ်းရည်နှင့် သင်္ချာ ဥာဏ်ရည်တို့သည် ပြည့်ဝစွာနှင့် သင့် လျှော်မှန် ကန်စွာ တိုးတက်လာခြင်းရှိ နိုင်မည် မဟုတ်သည်ကိုလည်းသိရှိရန်လိုအပ်ပါသည်။  ကစားခြင်းသည် ကလေးငယ်များအတွက် မည်၍မည်မျှ အရေးကြီးသည် ကို မိဖများက သေချာစွာ နားလည် သဘောပေါက်ရမည် ဖြစ်ပါသည်။ အဘယ့်အတွက် ကြောင့် ကစားခြင်း အရေးကြီးသည် ကိုလည်းမိဖများ နားလည် လက်ခံနိုင် အောင် ပြန်လည် သုံးသပ်စဥ်းစား စေချင်ပါသည်။ မိဖများသည် မိမိတို့၏  ကလေးငယ်များကို စာရေး၊ စာဖတ် အရွယ်မတိုင်ခင် အချိန်တွင် စာဖတ်ချင်စိတ်ဖြစ် ပေါ်လာစေရန် အတွက် ကစားရင်းနှင့် သင်ကြား လေ့ကျင့် ပေး၍ရပါသည်။ သို့သော်လည်း စာကြိုတင်ဖတ်ခိုင်းခြင်း၊ ကြိုတင်ရေးခိုင်းခြင်းများကိုဤသို့ ကစားရင်းနှင့် လေ့ကျင့်ပေးရာ တွင် သင်ယူခိုင်းခြင်းမပြုသင့်ပါ။ အကျိုးဆက်အနေဖြင့် အ