Skip to main content

အပိုင်း(၆) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ ( ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill)


အပိုင်း(၆) ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill) 

ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill) ဥပမာများမှာ-
_ မျှော်စင်လေးများတည်ဆောက်ခြင်း
_ ရေဗူး၊ အချိုရည်ဗူးများနှင့် အခြားသောအန္တရာယ်ကင်းသော ဘူးများဖွင့်စေခြင်း
_ ကောက်ကြောင်းလိုက်စေခြင်း
_ ရောင်စုံခဲတံများကို ကိုင်စေခြင်း
_ သီကုံးစေခြင်း၊ ကစားစရာဝက်အူလေးများဖြင့် အရစ်ဖော်ထားသော ကစားစရာ၊ (ဖလင်၊ တိတ်ခွေ၊ ကြိုးတို့ကို ရစ်ပတ်စေခြင်း။ (ကလေးများကစားစဥ်တွင် အန္တရာယ်ကင်းစေရန် လူကြီးများကစောင့်ကြည့်ပေးရပါမည်။)
_ ညှပ်စေခြင်း( စက္ကူညှပ် သည့်ကပ်ကြေးဖြင့် ညှပ်စေခြင်း)
_ ပဟေဠိကစားစရာ များကို ပြီးပြည့်စုံအောင်ဆက်ခိုင်းစေခြင်း
_ကလေးကိုယ်တိုင် အဝတ်အစားဝတ်ဆင်စေခြင်း
_ သွားကို ကိုယ်တိုင်တိုက်စေခြင်း
_ အရောင်ခြယ်စေခြင်း
_ လွယ်ကူသော(သို့) တရိစ္ဆာန် ပုံ၊ ပန်းပုံ၊ ကစားစရာပုံများကို ကလေးများအားပြသ၍ အလားတူပုံရရှိအောင် ဆွဲခိုင်းစေခြင်း
_ Lego ( ရောင်စုံပလတ်စတစ်တုံးလေးများ)နှင့် အဆောက်အဦးများဆောက်လုပ်ကစားစေခြင်း
-ပုံဆွဲခြင်း အစရှိသော လုပ်ဆောင်မှုများ သည် ကလေးများ၏ကြွက်သားငယ်များကိုဖွံ့ဖြိုးကြီးထွားသန်မာစေပါသည်။

ကြွက်သားကြီးနှင့် ကြွက်သားငယ် နှစ်မျိုးလုံးဖွံ့ဖြိုးသောအခါ ခဲတံကိုကောင်းစွာကိုင်တွယ် ဆုပ်ကိုင်နိုင်ပြီး ကိုယ် ကာယကျန်းမာသန်စွမ်းမှု့တွေရှိပြီး ကျန်းမာဖွံ့ဖြိုးသော ကလေးငယ်များဖြစ်လာပါသည်။ ထိုကလေးငယ်များသည် စာလုံးပုံသဏ္ၓန်များကို မှန်ကန်စွာမှတ်သားနိုင်ပြီး လိုင်းပေါ်မှာ စာရေးခြင်းတို့ကို အကောင်းဆုံးလုပ်ဆောင်နိုင်လာကြမှာ ဖြစ်ပါသည်။

ထို့ကြောင့် ကလေးငယ်များကို အကောင်းဆုံး၊ အတော်ဆုံးနှင့် ကျန်းမာဖွံ့ဖြိုးသန်စွမ်းစေပြီး စိတ်ဓာတ်
ခိုင်မာသောလူတော်တစ်ယောက်ဖြစ်စေရန် ဘယ်လိုလေ့ကျင့်သင်ကြား ပေးရမည်လည်း။

ကြွက်သားကြီးနှင့် ကြွက်သားငယ်ဖွံ့ဖြိုးမှု့အတွက် မှန်ကန်၍နည်းစနစ်မကျပါလျှင် ကလေးများသည် စာဖတ်ခြင်းနှင့် စာရေးခြင်းတို့တွင် ထိထိရောက်ရောက် အကျိုးသက်ရောက်မှု့ရရှိမည် မဟုတ်သည်ကိုသိရှိနားလည်ပြီးမှန်ကန်၍နည်းစနစ်ကျစေရန် လေ့ကျင့်သင်ကြားပေးရ ပါမည်။





Comments

Popular posts from this blog

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့...

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်...