အပိုင်း(၄)
ကလေးငယ်များစာသင်ရန်၊ စာရေးရန်၊ စာဖတ်ရန်နှင့် ဂဏန်းသင်္ချာများကို သင်ယူရန် ဖွံ့ဖြိုးမှု အဆင်သင့်မဖြစ်သည့်အချိန်တွင် သင်ယူစေရန် တိုက်တွန်းခြင်းသည် ကလေးတို့၏ တန်ဖိုးမဖြတ်နိုင်သော အချိန်များကို ဆုံးရှုံးစေပြီး၊ ဤကဲ့သို့ အရေးပါလှသော ကစားခြင်းဖြင့် သင်ယူခြင်း မရှိခဲ့ လျှင် ကလေးများ၏ စာဖတ် စာရေးစွမ်းရည်နှင့် သင်္ချာ ဥာဏ်ရည်တို့သည် ပြည့်ဝစွာနှင့် သင့် လျှော်မှန် ကန်စွာ တိုးတက်လာခြင်းရှိ နိုင်မည် မဟုတ်သည်ကိုလည်းသိရှိရန်လိုအပ်ပါသည်။
ကစားခြင်းသည် ကလေးငယ်များအတွက် မည်၍မည်မျှ အရေးကြီးသည် ကို မိဖများက သေချာစွာ နားလည် သဘောပေါက်ရမည် ဖြစ်ပါသည်။ အဘယ့်အတွက် ကြောင့် ကစားခြင်း အရေးကြီးသည် ကိုလည်းမိဖများ နားလည် လက်ခံနိုင် အောင် ပြန်လည် သုံးသပ်စဥ်းစား စေချင်ပါသည်။
မိဖများသည် မိမိတို့၏ ကလေးငယ်များကို စာရေး၊ စာဖတ် အရွယ်မတိုင်ခင် အချိန်တွင် စာဖတ်ချင်စိတ်ဖြစ် ပေါ်လာစေရန် အတွက် ကစားရင်းနှင့် သင်ကြား လေ့ကျင့် ပေး၍ရပါသည်။ သို့သော်လည်း စာကြိုတင်ဖတ်ခိုင်းခြင်း၊ ကြိုတင်ရေးခိုင်းခြင်းများကိုဤသို့ ကစားရင်းနှင့် လေ့ကျင့်ပေးရာ တွင် သင်ယူခိုင်းခြင်းမပြုသင့်ပါ။ အကျိုးဆက်အနေဖြင့် အနာဂတ်တွင် ကလေးများအတွက် စာရေး၊ စာဖတ်ခြင်းတို့တွင်အပြင်း အထန်ကြိုးစား အားထုတ် နေရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။
Comments
Post a Comment