Skip to main content

အပိုင်း(ရ) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ -အသိဉာဏ်ဖွံ့ဖြိုးမှု

အပိုင်း(၇)



✸ အသိဉာဏ်ဖွံ့ဖြိုးမှု
ကစားခြင်းမှနှိုးဆွလှုံ့ဆော်ပေးသောအခါ တစ်ချို့သောအသိဉာဏ်ကို ဖွံ့ဖြိုးစေသော အပိုင်းများလည်းရှိပါသည်။
ကစားခြင်းသည် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု တို့ကို လည်းတိုးတက်ကောင်းမွန်စေပါသည်။
ဖွံ့ဖြိုးမှု နှင့် လှုံ့ဆော်နိုင်ခြင်း မရှိသော ၊ ဖွံ့ဖြိုးမှုနှေးသောကလေးငယ်များကို အဆက်မပြတ်ဖွံ့ဖြိုးကြီးထွားရန် တူညီသော ဖွံ့ဖြိုးမှုဆိုင်ရာပုံစံများအတိုင်းလိုက်နာ၍  ကစားပေးခြင်းသည် အမှန်တကယ်ပင်လိုအပ်သောထိုကဲ့သို့သော ကလေးများအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။
ကလေးများကို အဆက်မပြတ်သင်ယူစေခြင်း ထက် နားချိန်ပေးပြီးသင်ယူစေခြင်းသည် အာရုံစူးစိုက်မှု့ကို ပိုမို၍ ကောင်းမွန်စေပြီး ကလေးများသင်ယူမှုတွင် ဖွံ့ ဖြိုးတိုးတက်စေပါသည်။
ကျောင်းနေရန် အရွယ်မရောက်သေးသော မူကြိုအရွယ်ကလေးငယ်များကို လွတ်လပ်စွာ ကစားရန် အခွင့်အရေးပေးသော အခါထိုကလေးငယ်များသည်လုပ်ဆောင်မှုများအပေါ်  တိတ်ဆိတ်ငြိမ်သက်စွာ အချိန်ကြာမြင့်စွာ အာရုံစူးစိုက် လာနိုင်ကြပါသည်။
၎င်းတို့ အကြာကြီးငြိမ်သက်နေသည်မှာ ၎င်းတို့စိတ်ဝင်စားသောကစားနည်း(သို့) လုပ်ဆောင်မှု့တစ်ခုခု တွင် အမှန်တကယ်ကိုပင် စိတ်ဝင်တစားနှင့် အချိန်ကြာမြင့်စွာ အာရုံစူးစိုက်နေကြသည်မှာ ၎င်းတို့သည် အန္တရာယ်ကင်းရှင်းပြီး လုံခြုံသောပတ်ဝန်းကျင်တွင် လွတ်လပ်စွာ ကစားနေရသောကြောင့်ဖြစ်ပါသည်။
ကလေးများသည် ကစားရန် အချိန်ရပြီး လွတ်လပ်လပ် လှုပ်ရှားရသောအခါတွင် ၎င်းတို့လုပ်ဆောင်ရမည့်
သင်ခန်းစာ လေ့ကျင့်ခန်းများကို အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေပါသည်။
ကစားစဥ်တွင်ကလေးများသည် ၎င်းတို့ ကိုယ်တိုင်ပြဿနာများကို နည်းလမ်းကောင်းများရှာဖွေဖန်တီး၍ ပြဿနာများကို အဖွဲ့လိုက်စဥ်းစား ဖြေရှင်းလာနိုင်သောကြောင့် ၎င်းတို့၏ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ပြဿနာများကို ဖြေရှင်းနိုင်သောစွမ်းရည်မှာ ပိုမိုပြီးလှုံ့ဆော်ပေးသောကြောင့် ကလေးများ၏ အသိဥာဏ်ဖွံ့ဖြိုးမှု မှာ ပိုမိုဖွံ့ဖြိုးလာပါသည်။

Comments

Popular posts from this blog

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့...

အပိုင်း (၈) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ- လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု

အပိုင်း(၈) လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု လူမှုဆက်ဆံရေး ကောင်းမွန်မှုသည် ကလေးများအတွက် အမှန်တကယ်ကိုပင် လိုအပ်သော နေ့စဥ်အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကလေးများသည် ကလေးဖော်များနှင့်ပြေပြစ်စွာပြောဆို ပေါင်းသင်းတတ်စေရန်၊ သူငယ်ချင်းများနှင့် ကစားခြင်းနှင့် ကလေးငယ်နှင့် မိဖဆက်သွယ်ပြောဆိုမှုတည်ဆောက်မှုတို့သည် အမှန်တကယ်ကိုပင် အရေးပါပါသည်။ ဆို့ကြောင့် ကစားနေစဥ်တွင် ကလေးများသည် လူမှုပေါင်းသင်းရေးကို သင်ယူနိုင်မည်ဖြစ်ပြီး သင့်လျှော်မှန်ကန်သောလုပ်ဆောင်မှုများကို သင်ယူလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်...