အပိုင်း(၇) ✸ အသိဉာဏ်ဖွံ့ဖြိုးမှု ကစားခြင်းမှနှိုးဆွလှုံ့ဆော်ပေးသောအခါ တစ်ချို့သောအသိဉာဏ်ကို ဖွံ့ဖြိုးစေသော အပိုင်းများလည်းရှိပါသည်။ ကစားခြင်းသည် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု တို့ကို လည်းတိုးတက်ကောင်းမွန်စေပါသည်။ ဖွံ့ဖြိုးမှု နှင့် လှုံ့ဆော်နိုင်ခြင်း မရှိသော ၊ ဖွံ့ဖြိုးမှုနှေးသောကလေးငယ်များကို အဆက်မပြတ်ဖွံ့ဖြိုးကြီးထွားရန် တူညီသော ဖွံ့ဖြိုးမှုဆိုင်ရာပုံစံများအတိုင်းလိုက်နာ၍ ကစားပေးခြင်းသည် အမှန်တကယ်ပင်လိုအပ်သောထိုကဲ့သို့သော ကလေးများအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။ ကလေးများကို အဆက်မပြတ်သင်ယူစေခြင်း ထက် နားချိန်ပေးပြီးသင်ယူစေခြင်းသည် အာရုံစူးစိုက်မှု့ကို ပိုမို၍ ကောင်းမွန်စေပြီး ကလေးများသင်ယူမှုတွင် ဖွံ့ ဖြိုးတိုးတက်စေပါသည်။ ကျောင်းနေရန် အရွယ်မရောက်သေးသော မူကြိုအရွယ်ကလေးငယ်များကို လွတ်လပ်စွာ ကစားရန် အခွင့်အရေးပေးသော အခါထိုကလေးငယ်များသည်လုပ်ဆောင်မှုများအပေါ် တိတ်ဆိတ်ငြိမ်သက်စွာ အချိန်ကြာမြင့်စွာ အာရုံစူးစိုက် လာနိုင်ကြပါသည်။ ၎င်းတို့ အကြာကြီးငြိမ်သက်နေသည်မှာ ၎င်းတို့စိတ်ဝင်စားသောကစားနည်း(သို့) လုပ်ဆောင်မှု့တစ်ခုခု တ
Comments
Post a Comment