Skip to main content

အပိုင်း (၁) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ



အပိုင်း (၁)

ကလေးများရဲ့ အစောပိုင်း ကာလမှာ ကစားပါစေ။ ကစားခိုင်းပါ။
ကလေးငယ်များ ကို အောင်မြင်စေချင်သည်မှာ မိဖတိုင်း၏ ဆန္ဒပင် ဖြစ်ပါသည်။
မိဖများသည် သားသမီးများကို သင်ယူချင်စိတ် အပြည့်အဝ ရှိစေချင် ကြသလို ကျောင်းပညာရေး မှ ဗဟုသုတပြည့်ဝသော၊ အရည် အချင်းအပြည့် အဝ ရစေချင် ထူးချွန်စေချင် ၍ တော်သော ထက်မြက်သော သားသမီးများ ဖြစ်စေချင် ကြသည်မှာ အမှန် တကယ် ပင် ဖြစ်ပါ သည်။
သေချာသည်က တော့ မိဖများ သည် သားသမီးများအတွက် အင်တာနက်မှစာအုပ်များရှာမည်၊ စာအုပ်များဝယ်မည်၊ ပြင်ပသင်တန်းများ ပို့ပေး မည်၊ အခြားသောကျောင်းပြင်ပ ပညာရေးကို ထပ်လောင်းသင်ကြားပေးမှာ ဖြစ်ပါသည်။ ထို့အပြင် ကလေးများထပ်မံကျွမ်း ကျင်တတ် မြောက်စေရန် အမျိုးမျိုးသော သင်တန်းများကို အပ်နှံပေးမည်ဆို တာ အသေအချာ ပင်ဖြစ်ပါသည်။
မိဖများမိမိ၏ ကလေးငယ်များကို ဖြစ်စေချင်သည်များကတော့........

_ စာဖတ်တတ်ရမည်၊ စာရေးတတ်ရမည်၊ စာလုံးပေါင်းသတ်ပုံ မှန်ကန် အောင်ပေါင်းတတ်စေချင်ပါသည်။
_ သင်္ချာစွမ်းရည်များလည်း ပြည့်ဝစေချင်ပါသည်။
_ အပေါင်းအသင်း မိတ်ဆွေများနှင့်လည်း ဝင်ဆံ့ ပြီး ဆက်ဆံရေးကောင်းမွန် သူ အပေါင်းအသင်းဝင်ဆံ့သူများဖြစ်စေချင်ပြီး ကိုယ့် ကိုယ်ကို ယုံကြည်မှု အပြည့် အဝ ရှိစေ ချင်ပါသည်။

_ပြဿနာများနှင့် စိန်ခေါ် မှု များကို လည်း ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူ များလည်းဖြစ်စေချင်ပါသည်။
_လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်စေချင် ပြီး အောင်မြင်သော ဂီတပညာရှင်၊ အနုပညာရှင် များနှင့် အားကစားသမားကောင်းများဖြစ်ထွန်းစေချင် ပါသည်။ မိဖများသည် အစရှိသည် ဖြင့် သားသမီးများကို ဖြစ်စေချင်သည်မှာ မျှော်မှန်းသည်မှာ များစွာပင် ဖြစ်ပါသည်။

Comments

Popular posts from this blog

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့...

အပိုင်း (၈) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ- လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု

အပိုင်း(၈) လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု လူမှုဆက်ဆံရေး ကောင်းမွန်မှုသည် ကလေးများအတွက် အမှန်တကယ်ကိုပင် လိုအပ်သော နေ့စဥ်အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကလေးများသည် ကလေးဖော်များနှင့်ပြေပြစ်စွာပြောဆို ပေါင်းသင်းတတ်စေရန်၊ သူငယ်ချင်းများနှင့် ကစားခြင်းနှင့် ကလေးငယ်နှင့် မိဖဆက်သွယ်ပြောဆိုမှုတည်ဆောက်မှုတို့သည် အမှန်တကယ်ကိုပင် အရေးပါပါသည်။ ဆို့ကြောင့် ကစားနေစဥ်တွင် ကလေးများသည် လူမှုပေါင်းသင်းရေးကို သင်ယူနိုင်မည်ဖြစ်ပြီး သင့်လျှော်မှန်ကန်သောလုပ်ဆောင်မှုများကို သင်ယူလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်...