Skip to main content

အပိုင်း(၅) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ


အပိုင်း(၅)


ကစားခြင်း၏အရေးပါခြင်း(သို့) တန်ဖိုး

ကစားခြင်းမှဖွံ့ဖြိုးသည်ဆိုသည်မှာ အမှန်တကယ်ပင် အံ့သြစရာကောင်းပြီး ၊ အားလုံးသော ကျွမ်းကျင်မှုအတတ်၊ စဥ်းစားနိုင်မှု ဖြေရှင်းနိုင်မှုတို့သည် ကလေးငယ်များအတွက် ကစားခြင်းတစ်ခုထဲနှင့် အားလုံးကို ပြည့်စုံထူးချွန် အောင်ပို့ဆောင်ပေးနိုင်ပါသည်။
ကစားခြင်းဖြင့်ရရှိနိုင် သောဖွံ့ဖြိုးမှု များ ထဲမှ ဖွံ့ဖြိုးမှု အချို့ကို လေ့လာကြည့် မည် ဆိုလျှင်......

✸ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ကလေးများအတွက် ကြွက်သားကြီး( Gross Motor Skill) နှင့်အတူ ကြွက်သားငယ် (Fine Motor Skill) တို့ကို ဖွံ့ဖြိုးစေပါသည်။

ကြွက်သားကြီးဖွံ့ဖြိုးမှု( Gross Motor Skill) 

ကြွက်သားကြီးဖွံ့ဖြိုးမှု( Gross Motor Skill) ဥပမာများမှာ
_ မတ်တပ်ရပ်ခြင်း
_ ပြေး၍ကစားခြင်း
_ တွယ်တက်၍ကစားခြင်း
_ စက်ဘီးစီးခြင်း (သို့) စက်ဘီးစီးသကဲ့သို့ ခြေနင်းရှိသော ကစားစရာ ပစ္စည်းများ(သို့) တူရိယာပစ္စည်းများဖြင့်နင်း၍ကစားစေခြင်း
_ ခုန်ပေါက်ဆော့ကစားခြင်း
_ လက်ကိုအသုံးပြု၍ ပစ်ပေါက်၍ကစားခြင်း (ဥပမာ ဘောလုံးကို ပစ်ပေါက်၍ကစားခြင်း)
_ လူးလှိမ့်ခြင်း ( ဥပမာ ဂျုံနယ်ခြင်း၊ ဘိုးလင်းကစားခြင်း၊ အရောင်ရှိ၍ အန္တရာယ်ကင်းသောပျော့ပြောင်းသောအရာများကို နယ်ဆုပ်၍ ကစားစေခြင်း)
_ ပစ္စည်းများကို ဖမ်း၍ကစားခြင်း ( ဥပမာ ဘောလုံးပစ်ပေးသည်ကို ထိူ ဘောလုံးကို ရအောင်ဖမ်းယူခြင်း)
_ဟန်ချက်ညီအောင် ကစားစေခြင်း
_ ကန် ၍ကစားခြင်း
_ခုန်ပေါက်၍ကစားခြင်း
_ စုံခုန်၍ကစားခြင်း (ဥပမာ ကြိုးခုန်ခြင်း)
_ ချိတ်ဆွဲ၍ ကစားခြင်း
_ ခြေလှမ်းဟန်နေဟန်ထားနှင့်ညှိ၍ကစားခြင်း
_ မြင်းစီးတမ်းကစားခြင်း (မြင်းစီးသကဲ့ သို့ ကစားစရာပစ္စည်းများနှင့်ကစားခြင်း)

အထက်ပါ ကစားခြင်းများသည်  Gross Motor Skill (ကြွက်သားကြီး)  ကိုဖွံ့ဖြိုးစေရန်၊ ကလေးများ၏ ကိုယ်နေဟန်ထား၊ ခုံပေါ်တွင် ဟန်ချက်ညီညီ ထိုင်နိုင်ရန် စွမ်းရည်၊ အာရုံစူးစိုက်မှု ရှိစေရန်၊ လှုပ်ရှားမှု အသီးသီးကို ဟန်ချက်ညီစေရန် ကောင်းစွာထိန်းချုပ်မှူရှိစေရန် နှင့် တစ်ခြားသောအကြောင်းအရာ များစွာကို များစွာ အထောက်အကူပေးပါသည်။

အချို့သောကလေးများသည် ၎င်းတို့၏ ငယ်စဥ်ဘဝ အစောပိုင်းကာလများနှင့် ဆယ်ကျော်သက်အချိန်ကာလများမှာ အားကစားတွင်ပါဝင်ကစားခြင်း မရှိခြင်းနှင့် ကစားချိန်နည်းခြင်းတို့သည် ကြွက်သားကြီးကောင်းစွာ ဖွံ့ဖြိုးမှု မရှိနိုင်သလို ဖွံ့ဖြိုးမှု တွင်အားနည်းတတ်ပါသည်။ ကြွက်သားငယ်ဖွံ့ဖြိုးမှု မစတင်ခင် ကြွက်သားကြီးဖွံ့ဖြိုးမှု စတင်ဖွံ့ဖြိုးရမှာ ဖြစ်ပါသည်။

Comments

Popular posts from this blog

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့...

အပိုင်း (၈) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ- လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု

အပိုင်း(၈) လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု လူမှုဆက်ဆံရေး ကောင်းမွန်မှုသည် ကလေးများအတွက် အမှန်တကယ်ကိုပင် လိုအပ်သော နေ့စဥ်အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကလေးများသည် ကလေးဖော်များနှင့်ပြေပြစ်စွာပြောဆို ပေါင်းသင်းတတ်စေရန်၊ သူငယ်ချင်းများနှင့် ကစားခြင်းနှင့် ကလေးငယ်နှင့် မိဖဆက်သွယ်ပြောဆိုမှုတည်ဆောက်မှုတို့သည် အမှန်တကယ်ကိုပင် အရေးပါပါသည်။ ဆို့ကြောင့် ကစားနေစဥ်တွင် ကလေးများသည် လူမှုပေါင်းသင်းရေးကို သင်ယူနိုင်မည်ဖြစ်ပြီး သင့်လျှော်မှန်ကန်သောလုပ်ဆောင်မှုများကို သင်ယူလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်...