Skip to main content

အပိုင်း (၂) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း (၂)


အပိုင်း၁တွင်ဖော်ပြခဲ့သည့်  မိဖများဖြစ်စေချင် သည့် ဆန္ဒများထဲမှ အမှန်တကယ်ကိုပင် ဖြစ်စေချင် သောလုပ် ဆောင်မှု တစ်ခုသည် ကလေးများကို  ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝစေမှု၊  တတ်မြောက်စေချင်မှု ဤအရာအားလုံးကို ဖွံ့ဖြိုးစေသော တစ်ခုတည်းသော အမှန်တကယ်ကိုပင်သိသာ ထင်ရှားစေသော လုပ်ဆောင်မှုမှာ တစ်မျိုးတည်းပင်ဖြစ် ပါ သည်။ ဤတစ်ခုတည်းသောလုပ်ဆောင်မှုကို အချိန်ပေးပြီးအားစိုက်ထုတ်ရမည်ကို  မကြာခဏလျှစ်လျှုရှု မိခြင်း နှင့် သတိမပြုမိခြင်းတို့ ဖြစ်တတ်ကြပါသည်။
ဤတစ်ခုတည်းသော လုပ်ဆောင်မှု့ကို ပို၍အရေးကြီးသည်ဟုထင်သော လုပ်ဆောင်မှုများပြီးသောအခါမှသာလျှင် နောက်ဆုံးမှသာလျှင် လုပ်ဆောင်ရန် တွန်းအားပေးလေ့ရှိပါသည်။ ထိုအရာကဘယ်အရာလဲ-------


ကစားပါ။

ကစားခြင်းသည် ကလေးများအတွက် သဘာဝအရ အခြေခံအကျဆုံးသော သင်ယူခြင်းနည်းလမ်းဖြစ်ပါသည်။
ဤကစားခြင်းမှသင်ယူခြင်းအဆင့်သည် အသက် ၀ မှ ၆နှစ် အရွယ်အထိ မည်သည့်အန္တရာယ်မရှိသော ကစားခြင်းမျိုးမဆိုမှ သင်ယူကြပါသည်။
ပြီးခဲ့သော နှစ်အနည်းများမှစ၍ ကလေးများသည်ကစားဖော်များနှင့် ကစားခြင်းထက် ကွန်ပျုတာမော်နီတာဖန်သားပြင်၊ ရုပ်မြင်သံကြားဖန်သားပြင်၊ ဖုန်းကြည့်ရှုနှုန်းတို့သည် သိသိသာသာ မြင့်မားလာပြီး လူကြီးမိဖများကလည်း ကျောင်းချိန်ပြီးနောက် တစ်ခြားသောသင်တန်းများကို တက်စေခဲ့ပါသည်။
ဤအချက်များကြောင့် ဖွံ့ဖြိုးမှုကျဆင်းခြင်း နှင့် ဖြစ်သင့်သလောက် အောင်မြင်သင့်သလောက် မအောင်မြင်သောအကျိုးရလဒ်များ ဖြစ်လာခြင်းဖြစ်ပါသည်။



Comments

Popular posts from this blog

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့...

အပိုင်း (၈) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ- လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု

အပိုင်း(၈) လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု လူမှုဆက်ဆံရေး ကောင်းမွန်မှုသည် ကလေးများအတွက် အမှန်တကယ်ကိုပင် လိုအပ်သော နေ့စဥ်အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကလေးများသည် ကလေးဖော်များနှင့်ပြေပြစ်စွာပြောဆို ပေါင်းသင်းတတ်စေရန်၊ သူငယ်ချင်းများနှင့် ကစားခြင်းနှင့် ကလေးငယ်နှင့် မိဖဆက်သွယ်ပြောဆိုမှုတည်ဆောက်မှုတို့သည် အမှန်တကယ်ကိုပင် အရေးပါပါသည်။ ဆို့ကြောင့် ကစားနေစဥ်တွင် ကလေးများသည် လူမှုပေါင်းသင်းရေးကို သင်ယူနိုင်မည်ဖြစ်ပြီး သင့်လျှော်မှန်ကန်သောလုပ်ဆောင်မှုများကို သင်ယူလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်...