အပိုင်း (၂)
အပိုင်း၁တွင်ဖော်ပြခဲ့သည့် မိဖများဖြစ်စေချင် သည့် ဆန္ဒများထဲမှ အမှန်တကယ်ကိုပင် ဖြစ်စေချင် သောလုပ် ဆောင်မှု တစ်ခုသည် ကလေးများကို ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝစေမှု၊ တတ်မြောက်စေချင်မှု ဤအရာအားလုံးကို ဖွံ့ဖြိုးစေသော တစ်ခုတည်းသော အမှန်တကယ်ကိုပင်သိသာ ထင်ရှားစေသော လုပ်ဆောင်မှုမှာ တစ်မျိုးတည်းပင်ဖြစ် ပါ သည်။ ဤတစ်ခုတည်းသောလုပ်ဆောင်မှုကို အချိန်ပေးပြီးအားစိုက်ထုတ်ရမည်ကို မကြာခဏလျှစ်လျှုရှု မိခြင်း နှင့် သတိမပြုမိခြင်းတို့ ဖြစ်တတ်ကြပါသည်။
ဤတစ်ခုတည်းသော လုပ်ဆောင်မှု့ကို ပို၍အရေးကြီးသည်ဟုထင်သော လုပ်ဆောင်မှုများပြီးသောအခါမှသာလျှင် နောက်ဆုံးမှသာလျှင် လုပ်ဆောင်ရန် တွန်းအားပေးလေ့ရှိပါသည်။ ထိုအရာကဘယ်အရာလဲ-------
ကစားပါ။
ကစားခြင်းသည် ကလေးများအတွက် သဘာဝအရ အခြေခံအကျဆုံးသော သင်ယူခြင်းနည်းလမ်းဖြစ်ပါသည်။
ဤကစားခြင်းမှသင်ယူခြင်းအဆင့်သည် အသက် ၀ မှ ၆နှစ် အရွယ်အထိ မည်သည့်အန္တရာယ်မရှိသော ကစားခြင်းမျိုးမဆိုမှ သင်ယူကြပါသည်။
ပြီးခဲ့သော နှစ်အနည်းများမှစ၍ ကလေးများသည်ကစားဖော်များနှင့် ကစားခြင်းထက် ကွန်ပျုတာမော်နီတာဖန်သားပြင်၊ ရုပ်မြင်သံကြားဖန်သားပြင်၊ ဖုန်းကြည့်ရှုနှုန်းတို့သည် သိသိသာသာ မြင့်မားလာပြီး လူကြီးမိဖများကလည်း ကျောင်းချိန်ပြီးနောက် တစ်ခြားသောသင်တန်းများကို တက်စေခဲ့ပါသည်။
ဤအချက်များကြောင့် ဖွံ့ဖြိုးမှုကျဆင်းခြင်း နှင့် ဖြစ်သင့်သလောက် အောင်မြင်သင့်သလောက် မအောင်မြင်သောအကျိုးရလဒ်များ ဖြစ်လာခြင်းဖြစ်ပါသည်။
Comments
Post a Comment