အပိုင်း (၃)
ကလေးများသည်နေ့စဥ်လုပ်ဆောင်ရမည့် ပုံမှန်ကစားရမည့်အချိန်၊ ကစားခြင်းပျှမ်းမျှအချိန် ကျဆင်းသွားသောကြောင့် နောက်ဆက်တွဲ ဖွံ့ဖြိုးသင့်သည့် အရွယ် တွင်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အောင်မြင်သင့်သလောက်မအောင်မြင်ခြင်းနှင့် သင်ယူမှုတို့တွင်များစွာထိခိုက် စေနိုင်သည့် အကျိုးဆက်ရလဒ်များကို ဖြစ်ပေါ်စေပါသည်။
ဤအကျိုးရလဒ်များကြောင့် ကလေးများ၏နေ့စဥ် သံသရာလည်ပတ်မှုသည် ဤကဲ့သို့ ဖြစ်ပေါ်နေပါသည်။
ကလေးများ ကစားခြင်းလျော့နည်းမှု နှင့် TV, Computer နှင့် ဖုန်း သုံးစွဲ ခြင်းသံသရာစက်ဝန်း
ကစားချိန်လျော့နည်းခြင်း →TV ကြည့်ခြင်း၊ Computer၊ ဖုန်း ဖြင့်ကစားချိန် နှင့် တစ်ခြားသောကျောင်းပြင်ပ
သင်တန်းများ ၌ အချိန်အများအပြားတက်ရောက်စေခြင်း → ကစားချိန်ကို လျော့နည်းသွားစေခြင်း →
သင်ကြားရေးတွင်ပိုမို၍အခက်အခဲတွေ့စေခြင်း→ ပြင်ပသင်တန်းများသို့ ပို့ချိန်များခြင်းသည် ခက်ခဲစွာ
သင်ယူနေရမှုတွင် ပိုပို၍ ခက်ခဲပြီး နောက်ကျစေနိုင်ခြင်း→ ကစားချိန်ကို လျော့နည်းစေခြင်း။
ဤသံသရာစက်ဝန်းကို လေ့လာခြင်းအားဖြင့်ကလေးများကစားချိန် လျော့နည်းခြင်းသည် ၎င်းတို့၏ ဖွံ့ဖြိုးမှုနှင့် တန်ဖိုးရှိသော အချိန်များကို ဆုံးရှုံးစေပြီး သင်ယူမှု့ကို ခက်ခက်ခဲခဲ ဖြစ်စေရန် လုပ်ဆောင် သလိုဖြစ်နေပါသည်။
ထို့အပြင် ကလေးများကို ကျောင်းပြင်ပသင်တန်းများကို တက်ရောက်ရန်တိုက်တွန်းခြင်း (သို့) ပြင်ပသင်တန်းများကိုများများတက်လေ ကလေးငယ်များ၏ သဘာဝကျကျ သင်ယူတတ်မြောက် ကျွမ်းကျင်ရမည့် ဖွံ့ဖြိုးမှု အခွင့် အရေးကို အလွန်နည်းပါး သွားစေပါသည်။
ဤသို့ကစားချိန်လျော့နည်းခြင်း သည် ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ကျန်းမာရေးနှင့် ညီညွတ်ခြင်းလည်းမရှိပါဘူး။ သို့ပေမယ့် ယနေ့ခောတ် ကလေးတော်တော်များများအတွက် အဖြစ်မှန် နှင့် လက်တွေ့ ဖြစ်နေခြင်းပင်ဖြစ်ပါသည်။

Comments
Post a Comment