Skip to main content

Posts

Showing posts from May, 2019

အပိုင်း (၈) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ- လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု

အပိုင်း(၈) လူမှုပေါင်းသင်းရေးဖွံ့ဖြိုးမှု လူမှုဆက်ဆံရေး ကောင်းမွန်မှုသည် ကလေးများအတွက် အမှန်တကယ်ကိုပင် လိုအပ်သော နေ့စဥ်အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကလေးများသည် ကလေးဖော်များနှင့်ပြေပြစ်စွာပြောဆို ပေါင်းသင်းတတ်စေရန်၊ သူငယ်ချင်းများနှင့် ကစားခြင်းနှင့် ကလေးငယ်နှင့် မိဖဆက်သွယ်ပြောဆိုမှုတည်ဆောက်မှုတို့သည် အမှန်တကယ်ကိုပင် အရေးပါပါသည်။ ဆို့ကြောင့် ကစားနေစဥ်တွင် ကလေးများသည် လူမှုပေါင်းသင်းရေးကို သင်ယူနိုင်မည်ဖြစ်ပြီး သင့်လျှော်မှန်ကန်သောလုပ်ဆောင်မှုများကို သင်ယူလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၉) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၉) စည်းကမ်း စည်းမျဥ်းများနှင့်ကစားစေခြင်းနှင့် စည်းမျည်းများမှသင်ယူစေခြင်း စည်းမျဥ်းစည်းကမ်းများသည် ကစားနေစဥ် အတွင်းတွင် ရှိရပါမည်။ ကစားစဥ်တွင်လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ ကို ကစားသည့်အခါတွင် မည်သို့လိုက်နာရမည်ကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်။ အုပ်စုဖွဲ့ကစားသောကစားနည်းများမှလည်း အစီအစဥ်တကျဖွဲ့စည်းထားသောစည်းမျဥ်း စည်းကမ်းများ (သို့) စည်းမျဥ်းစည်းကမ်းများကို ရေးဆွဲပြီး နားလည်အောင်ရှင်းပြပြီး ကစားခိုင်းပါ။ စည်းမျဥ်းများအတိုင်းလိုက်နာရန်၊လမ်းညွှန်မှု့အတိုင်းသင်ယူရန် နှင့် ကစားစဥ်တွင် စည်းမျဥ်းစည်းကမ်းများသည်မည်ကဲ့သို့ အရေးကြီးကြောင်းကို ကလေးများသိရှိ နားလည်ရမည်ဖြစ်ပါသည်။ ကစားရာတွင်လိုက်နာရမည့် အခြားသောစည်းမျဥ်းများနှင့် ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှု့ ၊ စဥ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု့၊ ၎င်းတို့၏စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုရဲရန် အတွက် ဟန်ချက်ညီမျှအောင်စဥ်းစားကစားတတ်စေရန် စည်းမျဥ်းစည်းကမ်းများသည် ကလေးများအတွက် အမှန် တကယ်ပင် အရေးကြီးကြောင်းသိရှိ နားလည်ရန် လိုအပ်ပါသည်။ ကစားစဥ်တွင် ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်မျှဝေရိုင်းပင်

အပိုင်း(၁၀) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၁၀) ✸ ကလေးများနားလည်နိုင်မည့်ဘာသာစကား ကလေးများသည် စကားလုံးများနှင့် ဘာသာစကားကို နားလည်နိုင်စွမ်းရည် ရှိခြင်းနှင့် အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်း ဟူ၍ ၂မျိုးရှိပါသည်။  ၎င်းတို့၏ပတ်ဝန်းကျင်မှ အမြင်ဖြင့်ရရှိသော အချက်အလက်များ ဥပမာ။ ။ လူကြီး (သို့) အမေ (သို့) အဖေ သည် ကားသော့ကို ကိုင်ထားပါသည်။ ထိုအရာ ကို ကလေးများသည် သူတို့၏အမြင်ဖြင့် နားလည်သည်မှာ သူကားစီသွားရမည်။ ကားစီးရတော့ရမည်။ ကားနဲ့သွားတော့မည်ဆိုသည်ကို သူတို့၏ အမြင်နှင့်လှုပ်ရှားမှုများမှ နားလည်နိုင်မှု စွမ်းရည်ရှိခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခု ကတော့ မီးပွိုင့်တွင် မီးစိမ်းပြလျှင် ကားထွက်လို့ရပါသည်ဆိုသည်ကို ကလေးတို့သည်အမြင်အာရုံနှင့် သူတို့နားလည်နိုင်ကြပါသည်။ အသံများနှင့်စကားလုံးများကို နားလည်နိုင်စွမ်းရည် မှာ - ဥပမာ။ ။ ကားဟွန်းသံ၊ မီးသတ်ကား ဥသြသံ၊ ဘောလုံးဆိုသည်မှာ လုံးဝိုင်းပြီး ၎င်းတို့ကစားလို့ ရ သည့်အရာဟု နားလည်နိုင်စွမ်းရှိကြပါသည်။  အရွယ်အစား၊ ပုံသဏ္ၓာန်၊ အရောင်များ၊ အချိန် နှင့် ရုပ်ပုံများကို ကြည့်စေခြင်း၊ ထိုအရာများကို စကားလုံးများကို ထပ်ခါထပ်ခါ ပြောပေးခြင်းတို့ဖြင့် ကလေ

အပိုင်း(၆) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ ( ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill)

အပိုင်း(၆) ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill)  ကြွက်သားငယ်ဖွံ့ဖြိုးမှု( Fine Motor Skill) ဥပမာများမှာ- _ မျှော်စင်လေးများတည်ဆောက်ခြင်း _ ရေဗူး၊ အချိုရည်ဗူးများနှင့် အခြားသောအန္တရာယ်ကင်းသော ဘူးများဖွင့်စေခြင်း _ ကောက်ကြောင်းလိုက်စေခြင်း _ ရောင်စုံခဲတံများကို ကိုင်စေခြင်း _ သီကုံးစေခြင်း၊ ကစားစရာဝက်အူလေးများဖြင့် အရစ်ဖော်ထားသော ကစားစရာ၊ (ဖလင်၊ တိတ်ခွေ၊ ကြိုးတို့ကို ရစ်ပတ်စေခြင်း။ (ကလေးများကစားစဥ်တွင် အန္တရာယ်ကင်းစေရန် လူကြီးများကစောင့်ကြည့်ပေးရပါမည်။) _ ညှပ်စေခြင်း( စက္ကူညှပ် သည့်ကပ်ကြေးဖြင့် ညှပ်စေခြင်း) _ ပဟေဠိကစားစရာ များကို ပြီးပြည့်စုံအောင်ဆက်ခိုင်းစေခြင်း _ကလေးကိုယ်တိုင် အဝတ်အစားဝတ်ဆင်စေခြင်း _ သွားကို ကိုယ်တိုင်တိုက်စေခြင်း _ အရောင်ခြယ်စေခြင်း _ လွယ်ကူသော(သို့) တရိစ္ဆာန် ပုံ၊ ပန်းပုံ၊ ကစားစရာပုံများကို ကလေးများအားပြသ၍ အလားတူပုံရရှိအောင် ဆွဲခိုင်းစေခြင်း _ Lego ( ရောင်စုံပလတ်စတစ်တုံးလေးများ)နှင့် အဆောက်အဦးများဆောက်လုပ်ကစားစေခြင်း -ပုံဆွဲခြင်း အစရှိသော လုပ်ဆောင်မှုများ သည် ကလေးများ၏ကြွက်သားငယ်များကိုဖွံ့ဖြိုးကြီးထွားသန်

အပိုင်း(ရ) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ -အသိဉာဏ်ဖွံ့ဖြိုးမှု

အပိုင်း(၇) ✸ အသိဉာဏ်ဖွံ့ဖြိုးမှု ကစားခြင်းမှနှိုးဆွလှုံ့ဆော်ပေးသောအခါ တစ်ချို့သောအသိဉာဏ်ကို ဖွံ့ဖြိုးစေသော အပိုင်းများလည်းရှိပါသည်။ ကစားခြင်းသည် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု တို့ကို လည်းတိုးတက်ကောင်းမွန်စေပါသည်။ ဖွံ့ဖြိုးမှု နှင့် လှုံ့ဆော်နိုင်ခြင်း မရှိသော ၊ ဖွံ့ဖြိုးမှုနှေးသောကလေးငယ်များကို အဆက်မပြတ်ဖွံ့ဖြိုးကြီးထွားရန် တူညီသော ဖွံ့ဖြိုးမှုဆိုင်ရာပုံစံများအတိုင်းလိုက်နာ၍  ကစားပေးခြင်းသည် အမှန်တကယ်ပင်လိုအပ်သောထိုကဲ့သို့သော ကလေးများအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။ ကလေးများကို အဆက်မပြတ်သင်ယူစေခြင်း ထက် နားချိန်ပေးပြီးသင်ယူစေခြင်းသည် အာရုံစူးစိုက်မှု့ကို ပိုမို၍ ကောင်းမွန်စေပြီး ကလေးများသင်ယူမှုတွင် ဖွံ့ ဖြိုးတိုးတက်စေပါသည်။ ကျောင်းနေရန် အရွယ်မရောက်သေးသော မူကြိုအရွယ်ကလေးငယ်များကို လွတ်လပ်စွာ ကစားရန် အခွင့်အရေးပေးသော အခါထိုကလေးငယ်များသည်လုပ်ဆောင်မှုများအပေါ်  တိတ်ဆိတ်ငြိမ်သက်စွာ အချိန်ကြာမြင့်စွာ အာရုံစူးစိုက် လာနိုင်ကြပါသည်။ ၎င်းတို့ အကြာကြီးငြိမ်သက်နေသည်မှာ ၎င်းတို့စိတ်ဝင်စားသောကစားနည်း(သို့) လုပ်ဆောင်မှု့တစ်ခုခု တ

အပိုင်း(၅) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၅) ကစားခြင်း၏အရေးပါခြင်း(သို့) တန်ဖိုး ကစားခြင်းမှဖွံ့ဖြိုးသည်ဆိုသည်မှာ အမှန်တကယ်ပင် အံ့သြစရာကောင်းပြီး ၊ အားလုံးသော ကျွမ်းကျင်မှုအတတ်၊ စဥ်းစားနိုင်မှု ဖြေရှင်းနိုင်မှုတို့သည် ကလေးငယ်များအတွက် ကစားခြင်းတစ်ခုထဲနှင့် အားလုံးကို ပြည့်စုံထူးချွန် အောင်ပို့ဆောင်ပေးနိုင်ပါသည်။ ကစားခြင်းဖြင့်ရရှိနိုင် သောဖွံ့ဖြိုးမှု များ ထဲမှ ဖွံ့ဖြိုးမှု အချို့ကို လေ့လာကြည့် မည် ဆိုလျှင်...... ✸ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ကလေးများအတွက် ကြွက်သားကြီး( Gross Motor Skill) နှင့်အတူ ကြွက်သားငယ် (Fine Motor Skill) တို့ကို ဖွံ့ဖြိုးစေပါသည်။ ကြွက်သားကြီးဖွံ့ဖြိုးမှု( Gross Motor Skill)  ကြွက်သားကြီးဖွံ့ဖြိုးမှု( Gross Motor Skill) ဥပမာများမှာ _ မတ်တပ်ရပ်ခြင်း _ ပြေး၍ကစားခြင်း _ တွယ်တက်၍ကစားခြင်း _ စက်ဘီးစီးခြင်း (သို့) စက်ဘီးစီးသကဲ့သို့ ခြေနင်းရှိသော ကစားစရာ ပစ္စည်းများ(သို့) တူရိယာပစ္စည်းများဖြင့်နင်း၍ကစားစေခြင်း _ ခုန်ပေါက်ဆော့ကစားခြင်း _ လက်ကိုအသုံးပြု၍ ပစ်ပေါက်၍ကစားခြင်း (ဥပမာ ဘောလုံးကို ပစ်ပေါက်၍ကစားခြင်း) _ လူးလှိမ့်ခြင်း ( ဥပမာ ဂျုံနယ်ခြင်

အပိုင်း(၄) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း(၄) ကလေးငယ်များစာသင်ရန်၊ စာရေးရန်၊ စာဖတ်ရန်နှင့် ဂဏန်းသင်္ချာများကို သင်ယူရန် ဖွံ့ဖြိုးမှု အဆင်သင့်မဖြစ်သည့်အချိန်တွင် သင်ယူစေရန် တိုက်တွန်းခြင်းသည် ကလေးတို့၏ တန်ဖိုးမဖြတ်နိုင်သော အချိန်များကို ဆုံးရှုံးစေပြီး၊ ဤကဲ့သို့ အရေးပါလှသော ကစားခြင်းဖြင့် သင်ယူခြင်း မရှိခဲ့ လျှင် ကလေးများ၏ စာဖတ် စာရေးစွမ်းရည်နှင့် သင်္ချာ ဥာဏ်ရည်တို့သည် ပြည့်ဝစွာနှင့် သင့် လျှော်မှန် ကန်စွာ တိုးတက်လာခြင်းရှိ နိုင်မည် မဟုတ်သည်ကိုလည်းသိရှိရန်လိုအပ်ပါသည်။  ကစားခြင်းသည် ကလေးငယ်များအတွက် မည်၍မည်မျှ အရေးကြီးသည် ကို မိဖများက သေချာစွာ နားလည် သဘောပေါက်ရမည် ဖြစ်ပါသည်။ အဘယ့်အတွက် ကြောင့် ကစားခြင်း အရေးကြီးသည် ကိုလည်းမိဖများ နားလည် လက်ခံနိုင် အောင် ပြန်လည် သုံးသပ်စဥ်းစား စေချင်ပါသည်။ မိဖများသည် မိမိတို့၏  ကလေးငယ်များကို စာရေး၊ စာဖတ် အရွယ်မတိုင်ခင် အချိန်တွင် စာဖတ်ချင်စိတ်ဖြစ် ပေါ်လာစေရန် အတွက် ကစားရင်းနှင့် သင်ကြား လေ့ကျင့် ပေး၍ရပါသည်။ သို့သော်လည်း စာကြိုတင်ဖတ်ခိုင်းခြင်း၊ ကြိုတင်ရေးခိုင်းခြင်းများကိုဤသို့ ကစားရင်းနှင့် လေ့ကျင့်ပေးရာ တွင် သင်ယူခိုင်းခြင်းမပြုသင့်ပါ။ အကျိုးဆက်အနေဖြင့် အ

အပိုင်း (၃) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း (၃) ကလေးများသည်နေ့စဥ်လုပ်ဆောင်ရမည့် ပုံမှန်ကစားရမည့်အချိန်၊ ကစားခြင်းပျှမ်းမျှအချိန် ကျဆင်းသွားသောကြောင့် နောက်ဆက်တွဲ ဖွံ့ဖြိုးသင့်သည့် အရွယ် တွင်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အောင်မြင်သင့်သလောက်မအောင်မြင်ခြင်းနှင့် သင်ယူမှုတို့တွင်များစွာထိခိုက် စေနိုင်သည့် အကျိုးဆက်ရလဒ်များကို ဖြစ်ပေါ်စေပါသည်။ ဤအကျိုးရလဒ်များကြောင့် ကလေးများ၏နေ့စဥ်  သံသရာလည်ပတ်မှုသည် ဤကဲ့သို့ ဖြစ်ပေါ်နေပါသည်။ ကလေးများ ကစားခြင်းလျော့နည်းမှု နှင့် TV, Computer နှင့် ဖုန်း သုံးစွဲ ခြင်းသံသရာစက်ဝန်း ကစားချိန်လျော့နည်းခြင်း →TV ကြည့်ခြင်း၊ Computer၊ ဖုန်း ဖြင့်ကစားချိန် နှင့် တစ်ခြားသောကျောင်းပြင်ပ သင်တန်းများ  ၌ အချိန်အများအပြားတက်ရောက်စေခြင်း → ကစားချိန်ကို လျော့နည်းသွားစေခြင်း →  သင်ကြားရေးတွင်ပိုမို၍အခက်အခဲတွေ့စေခြင်း→ ပြင်ပသင်တန်းများသို့ ပို့ချိန်များခြင်းသည် ခက်ခဲစွာ သင်ယူနေရမှုတွင် ပိုပို၍ ခက်ခဲပြီး နောက်ကျစေနိုင်ခြင်း→ ကစားချိန်ကို လျော့နည်းစေခြင်း။ ဤသံသရာစက်ဝန်းကို လေ့လာခြင်းအားဖြင့်ကလေးများကစားချိန် လျော့နည်းခြင်းသည် ၎င်းတို့၏ ဖွံ့ဖြိုးမှုနှင့်  တန်ဖိုးရှိသော အချိ

အပိုင်း (၂) မိဖတိုင်း သိထားသင့်သော ကလေးများ၏ အစောပိုင်း ကာလတွင် ကစားခြင်း၏ အရေးပါပုံ

အပိုင်း (၂) အပိုင်း၁တွင်ဖော်ပြခဲ့သည့်  မိဖများဖြစ်စေချင် သည့် ဆန္ဒများထဲမှ အမှန်တကယ်ကိုပင် ဖြစ်စေချင် သောလုပ် ဆောင်မှု တစ်ခုသည် ကလေးများကို  ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝစေမှု၊  တတ်မြောက်စေချင်မှု ဤအရာအားလုံးကို ဖွံ့ဖြိုးစေသော တစ်ခုတည်းသော အမှန်တကယ်ကိုပင်သိသာ ထင်ရှားစေသော လုပ်ဆောင်မှုမှာ တစ်မျိုးတည်းပင်ဖြစ် ပါ သည်။ ဤတစ်ခုတည်းသောလုပ်ဆောင်မှုကို အချိန်ပေးပြီးအားစိုက်ထုတ်ရမည်ကို  မကြာခဏလျှစ်လျှုရှု မိခြင်း နှင့် သတိမပြုမိခြင်းတို့ ဖြစ်တတ်ကြပါသည်။ ဤတစ်ခုတည်းသော လုပ်ဆောင်မှု့ကို ပို၍အရေးကြီးသည်ဟုထင်သော လုပ်ဆောင်မှုများပြီးသောအခါမှသာလျှင် နောက်ဆုံးမှသာလျှင် လုပ်ဆောင်ရန် တွန်းအားပေးလေ့ရှိပါသည်။ ထိုအရာကဘယ်အရာလဲ------- ကစားပါ။ ကစားခြင်းသည် ကလေးများအတွက် သဘာဝအရ အခြေခံအကျဆုံးသော သင်ယူခြင်းနည်းလမ်းဖြစ်ပါသည်။ ဤကစားခြင်းမှသင်ယူခြင်းအဆင့်သည် အသက် ၀ မှ ၆နှစ် အရွယ်အထိ မည်သည့်အန္တရာယ်မရှိသော ကစားခြင်းမျိုးမဆိုမှ သင်ယူကြပါသည်။ ပြီးခဲ့သော နှစ်အနည်းများမှစ၍ ကလေးများသည်ကစားဖော်များနှင့် ကစားခြင်းထက် ကွန်ပျုတာမော်နီတာဖန်သားပြင်၊ ရုပ်မြင်သံကြားဖန်သားပြင်၊ ဖုန်းကြည့်ရှုနှုန်းတို့သည