အပိုင်း (၃) ကလေးများသည်နေ့စဥ်လုပ်ဆောင်ရမည့် ပုံမှန်ကစားရမည့်အချိန်၊ ကစားခြင်းပျှမ်းမျှအချိန် ကျဆင်းသွားသောကြောင့် နောက်ဆက်တွဲ ဖွံ့ဖြိုးသင့်သည့် အရွယ် တွင်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အောင်မြင်သင့်သလောက်မအောင်မြင်ခြင်းနှင့် သင်ယူမှုတို့တွင်များစွာထိခိုက် စေနိုင်သည့် အကျိုးဆက်ရလဒ်များကို ဖြစ်ပေါ်စေပါသည်။ ဤအကျိုးရလဒ်များကြောင့် ကလေးများ၏နေ့စဥ် သံသရာလည်ပတ်မှုသည် ဤကဲ့သို့ ဖြစ်ပေါ်နေပါသည်။ ကလေးများ ကစားခြင်းလျော့နည်းမှု နှင့် TV, Computer နှင့် ဖုန်း သုံးစွဲ ခြင်းသံသရာစက်ဝန်း ကစားချိန်လျော့နည်းခြင်း →TV ကြည့်ခြင်း၊ Computer၊ ဖုန်း ဖြင့်ကစားချိန် နှင့် တစ်ခြားသောကျောင်းပြင်ပ သင်တန်းများ ၌ အချိန်အများအပြားတက်ရောက်စေခြင်း → ကစားချိန်ကို လျော့နည်းသွားစေခြင်း → သင်ကြားရေးတွင်ပိုမို၍အခက်အခဲတွေ့စေခြင်း→ ပြင်ပသင်တန်းများသို့ ပို့ချိန်များခြင်းသည် ခက်ခဲစွာ သင်ယူနေရမှုတွင် ပိုပို၍ ခက်ခဲပြီး နောက်ကျစေနိုင်ခြင်း→ ကစားချိန်ကို လျော့နည်းစေခြင်း။ ဤသံသရာစက်ဝန်းကို လေ့လာခြင်းအားဖြင့်ကလေးများကစားချိန် လျော့နည်းခြင်းသည် ၎င်းတို့၏ ဖွံ့ဖြိုးမှုနှင့် ...